ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သူများ လက်အလှပန်း ချီဆွဲမှုများပြားလာ
Apr 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူ များ ဘုရား၊စေတီ၊ သာသနိက အဆောက်အဦး ပတ်ဝန်းကျင်တွင်ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များ ပြားလာခြင်းကြောင့် မိသားစုဝင်ငွေအထိုက်အလျောက်ဝင်ငွေရှိလာကြောင်း သဗ္ဗညုဘုရားကြီး တောင်ဘက် အနော်ရထာနှစ်လမ်းသွားလမ်းကြီးဘေးတွင် လက်အလှပန်းချီရေးဆွဲနေသည့် မသူသူဝင်းထံကသိရသည်။