သတင်းများ

နတ်တလင်းမြို့နယ်တွင် လက်တွန်းထွန်စက်နှင့် တွဲဖက်သုံးမျိုးစေ့ချကိရိယာ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ လက်တွန်းထွန်စက်နှင့်တွဲဖက်သုံးမျိုးစေ့ချကိရိယာ မိတ်ဆက်ပွဲအခမ်းအနား ယမန်နေ့နံနက် ၁၀ နာရီက နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်
Apr 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ်တွင် လူရည်ချွန် ထူးချွန်ဆု ရရှိသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးမှူးရုံး၌  ယနေ့ နေ့လယ် (၁)နာရီအချိန်က ပြုလုပ်သည်။
နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Apr 07,2023
နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်း ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီတွင် အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆပ်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 07,2023
၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီး (CAEXPO) တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ ပါဝင်ပြသနိုင်
Apr 07,2023
20th China – ASEAN Expo (CAEXPO) ကုန်စည်ပြပွဲကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းနင်းမြို့၌ ၁၆.၉.၂၀၂၃ မှ ၁၉.၉.၂၀၂၃ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ပါဝင်ပြသနိုင်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထား
Apr 07,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားတင်ပြလျှောက်ထားခဲ့သည်။
ဒဂုံမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု​ကော်မတီမှ စံညီစာကြည့်တိုက်များဖွင့်လှစ်နိုင်ရေးစည်း​ဝေး​ဆောင်ရွက်
Apr 07,2023
ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယ​မန်နေ့​နေ့လယ် ၂ နာရီက စာကြည့်တိုက်​ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်​ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရာသီပေါ်သီးနှံဖြစ်သည့် မရမ်းသီးများဈေးကောင်းရရှိ
Apr 07,2023
ရာသီပေါ်သီးနှံဖြစ်သည့် နှစ်ရှည်သီးနှံပင် မရမ်းသီးများထွက်ပြီး ဆွတ်ရောင်းဝယ်လျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ  ဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။