ဟိုင်းကြီးကျွန်း ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဗူးများအား စစ်ဆေးခြင်းကို ယမန်နေ့ ညနေ(၁၄း၀၀)နာရီအချိန်တွင် မြို့အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိ စက်သုံးဆီဆိုင်(၆)ဆိုင်အား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာ များပူးပေါင်းအဖွဲ့သည် အမှတ်(၁)ရပ်ကွက်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ဆေးဗူးများ ပြင်ဆင်ထားရှိမှုများနှင့် ဆီသိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)