ပျဉ်းမနား ဧပြီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်မက်ကောင်းကင်လူငယ်ဝတ္ထုတိုများ” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာမ ဇင် (ရန်ကုန်တက္ကသိုလ်)ရေးသားထားသည့် “အိမ်မက်ကောင်းကင် လူငယ်ဝတ္ထုတိုများ” စာအုပ်ပါအကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာများဖြစ်သော ဟန်ညွန့်(ယဉ်ကျေးမှု)၊ ဈာန်(စွမ်းအင်)၊ မောင်ကျော်ဇော(ရှင်မတောင်မြေ)၊ IP မျိုးအောင်၊ ခိုင်မင်း(နေပြည်တော်)၊ ကျော်လွင်မြင့်(မှော်ဝန်း)၊ အောင်ဝေ၊ ကိုလင်း(အညာမြေ)၊ ဆရာမမေချို(ပျဉ်းမနား)၊ နန်းနန်း(စပါးကျီ)၊ လိုင်ဟူးနား၊ သက်သက်မွန်၊ သီရိမေ၊ လုံမငယ်(လူမှု)နှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်မက်ကောင်းကင်လူငယ်ဝတ္ထုတိုများ” စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)