ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ကလေး ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းသည် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများနှင့် လုပ်ငန်းတာဝန်များဖြင့် မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လှည့်လည် ငှားရမ်းပေးနေခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ရုံးများကို အလှည့်ကျ လှည့်လည်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း၊ ငှားရမ်းထားသည့် စာအုပ်များ ပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည်ငှားရမ်းသည့်စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ စာငှားသူတိုးပွားရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက် ဌာနဆိုင်ရာရုံးများသို့ နယ်လည့် စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေဝါသနာရှင်များကိုလည်း သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)