ညောင်ဦး ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူ များ ဘုရား၊စေတီ၊ သာသနိက အဆောက်အဦး ပတ်ဝန်းကျင်တွင်ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များ ပြားလာခြင်းကြောင့် မိသားစုဝင်ငွေအထိုက်အလျောက်ဝင်ငွေရှိလာကြောင်း သဗ္ဗညုဘုရားကြီး တောင်ဘက် အနော်ရထာနှစ်လမ်းသွားလမ်းကြီးဘေးတွင် လက်အလှပန်းချီရေးဆွဲနေသည့် မသူသူဝင်းထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားချိန်မှစတင်ပြီး ဂေါကပရှိသည့် ဘုရား ၁၉ ဆူပိတ်ထားခဲ့ပြီး မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်မှုနည်းပါးခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြင်းလှည်း၊ တုတ်တုတ်၊ အီးဗိုက်၊တိုးကား၊ တိုးဂိုက်၊အငှားလိုက်သူများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်၊မိုးတယ်၊တည်းခိုခန်းများ ဘုရားဖူးလာရောက်မှုနည်းပါးခြင်းများက ဧည့်သည်များမှီခိုလုပ်ကိုင်ရသည့် ပုဂံ-ညောင်ဦးဒေသအတွက် ခက်ခဲမှုဖြစ်လာခဲ့သည်မှာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် သင်္ကြန်တွင်းရုံးပိတ်ရက်များမှစတင်ပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှဘုရားဖူး၊ လေ့လာရေးလာရောက်လျက်ရှိကြရာ ဘုရားဖူးခရီးသည် တဖြည်းဖြည်းများပြားလာခဲ့ပြီး မြင်းလှည်းအငှားလိုက်သူများ၊ အီးဗိုက်အငှားလိုက်သူများ ပြန်လည်တဖြည်းဖြည်းများလာပြီး၊ မိသားစုဝင်ငွေဖြည့်တင်လာနိုင်ခြင်းနှင့်အတူ နောက်ထပ်ပြည်တွင်းဘုရားဖူးများ တဖြည်းဖြည်းများလာခြင်းဖြင့် ပုဂံ-ညောင်ဦး ဒေသခံများ စီးပွားရေးပြန်လည်အဆင်ပြေလာနိုင်ကြောင်း လက်အလှပန်းချီရေးဆွဲနေသည့် ဦးတင်စိုးက ရှင်းပြသည်။ပုဂံဒေသတွင် လက်အလှပန်းချီရေးဆွဲမှုများ ခေတ်စားနေခဲ့ရာ မြန်မာ ပြည်အရပ်ရပ်မှဘုရားဖူးလာ ပြည်သူများလက်အလှပန်းချီ ရေးခြယ်မှုမြင့်တက်လာနေပြီးပုံစံ အမျိုးမျိုးဖြင့်ရေးဆွဲကြကြောင်း၊ မိန်းခလေး၊ယောကျ်ားလေး လူကြီး၊လူငယ်၊လူလတ်များ အားလုံး လက်ရေးပန်းချီတတ်မြောက်ကြကာ ငါးရာကျပ်မှ ငါးထောင်ကျပ်တန်ထိ လက်အလှ ပန်းချီဆွဲပေးကြကြောင်း၊ တစ်ရက်ခံ၊ နှစ်ရက်ခံမှ တပတ်ခံထိရေးဆွဲကြကာ သုံးစွဲသည့် ဆေးအပေါ်မူတည်ကာဈေးကွာခြားကြောင်း၊ ယွန်းလုပ်ငန်းဖွံ့ဖြိုစဉ်က ယွန်းလုပ်သမများ၊ ယွန်လုပ်သားများ လက်အလှပန်းချီဆိုင်များဖွင့်လှစ်ကာ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးများကလည်း လက်အလှပန်းချီ၊ လက်ဆွဲပန်းချီများဆွဲလာခြင်းက ပုဂံ-ညောင်ဦးမြို့ခံများ အလုပ်အကိုင် အခွင့်လမ်းများရရှိလာစေပြီး မိသားစုဝင်ငွေလည်းဖြည့် ဆည်းပေးနိုင်တော့မည်ကြောင်းသဗ္ဗညု ဘုရားကြီးတွင် လက်ရေးပန်းချီရေးဆွဲနေသည့် မပန်းမြတ်လှကရှင်းပြ၍သိရကာ လက်အလှ ပန်းချီရေးဆွဲသူများပြားလာကြောင်းလည်း သိရသည်။
ဒီပါလင်း