လိပ်သို ဧပြီ ၇
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူ အချို့မှာ လက်ဖက်ပင်များကို နေအိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခဲ့ကြရာမှ မိမိတို့သောက်သုံးရန်အပြင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်ရှိ အိမ်ခြံဝင်းကျယ်ရှိသော မိသားစုများမှာ ဒေသမျိုး လက်ဖက်ပင်များကို အိမ်ခြံစည်းရိုးများနှင့် အဆင်ပြေသော နေရာများတွင် ရသလောက်စိုက်ပျိုးထားကြပြီး လ္ဘက်ခြောက်၊လ္ဘက်စိုများအဖြစ် မိမိတို့ တတ်သိသလို ပြုလုပ်စားသုံးရောင်းချလျက်ရှိကြောင်း သိရသည်။
ဒေသတွင်း စားသုံရန် လုံလောက်မှု မရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ လည်းကောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့မှလည်းကောင်း မှာယူစားသုံးနေကြရသည်။ တတ်နိုင်သူဒေသခံအချို့က စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရန် စိတ်ဝင်စားလျက်ရှိပြီး မျိုးကောင်း မျိုးသန့် ရရှိရန်နှင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ နည်းပညာများ ရရှိရန် ကြိုပမ်းလေ့လာလျက်ရှိကြောင်း သိရသည်။
စောဝေါ်ကွောထူး (ရုပ်/သံ-၃)