ဗန်းမော် ဧပြီ ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိအမြင်များ ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀နာရီခွဲခန့်က ကလေးစာဖတ်ဝိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်မှူး ဒေါ်ကြူကြူဝင်းက တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် ဝါးလက်မှုမိသားစု ကဗျာအား သံနေသံထားဖြင့်ရွတ်ဆိုပြခဲ့ပြီး ဝါးပင်မှထွက်ရှိသည့် လူသုံးကုန်ပစ္စည်းများကို ယနေ့ ကလေးငယ်များ သိရှိစေရန် အသိပညာပေးပြောကြားခြင်း၊ ခုတ်ယူအသုံးပြုပြီးသည့်ဝါးပင်နေရာ တွင် ထပ်မံ၍ ဝါးပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိ န်းသိမ်းရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် မောင်ဇွဲနေမင်းက ယင်းတလဲစာပေနှင့် ယဉ်ကျေးမှု ကော်မတီက ရေးသားပြုစု သည့် ပုတ်သင်ညို စာအုပ်ကိုလည်းကောင်း၊ မယွန်းနဒီဇော်က ယင်းတလဲ စာပေနှင့် ယဉ်ကျေးမှုကော်မတီက ရေးသားပြုစုသည့် ခြကလေးစာအုပ်ကိုလည်းကောင်း ဖတ်ကြား၍ ၎င်းစာအုပ်များမှ ရရှိသည့် အသိအမြင်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက် လာသည့် ကလေးများအား ရုပ်ပုံဆေးရောင်ခြယ်စာအုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရ သည်။
ခရိုင်ပြန်/ဆက်