သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

သံဖြူဇရပ်  ဧပြီ ၇

မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးသီက မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး  မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ထွေးက မီးဘေးသည်လူပြုသောဘေးတစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးလည်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ် အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်ကြောင်းပြောကြားပြီး မိမိနေအိမ်တွင် မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ​ ရှောင်ရှားသင့်သည့်အချက်များ၊ မီးလောင်မှုဖြစ်၍ မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ပြုလုပ်ရမည့် အချက်များကိုအသိပညာပေးဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့် အသိပညာပေးဆွေးနွေးပွဲများကို Online မှ တစ်ဆင့် အစဥ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)