မိုင်းရယ် ဧပြီ ၄
မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့၀င်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းအစုအဖွဲ့များအား ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များသည် မန်စန့်ကျေးရွာအုပ်စု စိုက်ပျိုးရေးလုပ်ငန်းအစုအဖွဲ့များဖြစ်သည့် ကောင်းကျဲကျေးရွာမိုးစပါး စိုက်ပျိုးရေးအစုအဖွဲ့၊ မန်စန့်ကျေးရွာမိုးစပါးအစုအဖွဲ့၊ နောင်ကန်းကျေးရွာ မိုးစပါးစိုက်ပျိုးရေးအစုအဖွဲ့၊ နောင်ခိုက်ကျေးရွာမိုးစပါးစိုက်ပျိုးရေးအစုအဖွဲ့များမှ ရာသီချိန်စိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စနစ်တကျ သုံးစွဲနိုင်ရေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)