မိုင်းရယ်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့အစည်းအဝေး ကျင်းပ

မိုင်းရယ် ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့အစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပရေးဦးစီးကော်မတီ နာယက အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပရေးဦးစီးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာများအလိုက် ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှု၊ ၎င်းဆပ်ကော်မတီများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဆပ်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိလိုသည်များကို ရှင်းလင်းဆွေးနွေးကြပြီး မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပရေးဦးစီးကော်မတီ နာယကနှင့် ဉက္ကဋ္ဌတို့က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းရယ် (ပြန်/ဆက်)