သတင်းများ

ဒေါ့ဖုန်းယန်မြို့၌ မွေးကင်းစအရွယ်မှစ၍အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံထိုက်ကျွေးခြင်းများဆောင်ရွက်
Apr 04,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကလေးငယ်များရောဂါ ကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက် (၂) နှစ်အောက် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့၌Fitness Danceအခြေခံသင်တန်းဖွင့်လှစ်
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Fitness Danceအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မချမ်းဘော့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Apr 04,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်
Apr 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 04,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က သံဖြူဇရပ်မြို့နယ် နန္ဒဝန်ပရိယတ္တိစာသင်တိုက်၏ န္ဒဝန်ဓမ္မသာလာခန်းမ၌ ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်၌ (၃၇)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ (၃၇)ကြိမ်မြောက် စူဠဘွဲ့နှင်းသတင်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ပေါက်ခေါင်းမြို့လေးမျက်နှာ‌စေတီတော်မဟာသန္တိသုခသာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် "ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ပီတိ(ပေကြီး) ရေးသားသည့် "ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ခဲ့ကြောင်း သိရသည်။
ဒဂုံမြောက်၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Apr 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉  နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ (၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။