ဒေါ့ဖုန်းယန်မြို့၌ မွေးကင်းစအရွယ်မှစ၍အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံထိုက်ကျွေးခြင်းများဆောင်ရွက်

ဒေါ့ဖုန်းယန် ဧပြီ ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကလေးငယ်များရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှအသက်(၂)နှစ်အောက်အထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် ()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့မှ ကလေးငယ်များအား ထိုးနှံတိုက်ကျွေးခြင်းနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း ​ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာနထံမှ သိရှိရသည်။

ဒေါ့ဖုန်းယန်(ပြန်/ဆက်)