ညောင်တုန်းမြို့၌Fitness Danceအခြေခံသင်တန်းဖွင့်လှစ်

ညောင်တုန်း ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Fitness Danceအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနဦးစီးအရာရှိ ဒေါ်စုစုခင်က Fitness Danceသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ Fitness Dance အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြား၍ သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါ Fitness Danceအ‌ခြေခံသင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာဦးစီးအရာရှိ ဒေါ်စုစုခင်ဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသား/သူများအား လက်တွေ့သရုပ်ပြသင်ကြား‌ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထက်ဝေဖြိုး (ပြန်/ဆက်)