ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် "ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ပီတိ(ပေကြီး) ရေးသားသည့် "ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က လူတိုင်းစာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့် အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွားရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ" စာအုပ်ပါ တာဝန်ယူပါ၊ တာဝန်သိပါ၊ စာဖတ်ပါ၊ ကျန်းမာပျော်ရွှင်စွာနေရန်စသည်များကို ဦးစီးအရာရှိနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင်လူငယ်များက ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်