တနင်္သာရီမြို့နယ်၏၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူ ဖွင့်လှစ်ပွဲပြုလုပ်

တနင်္သာရီ မေ ၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမှူးကကြီးမှူး၍ တနင်္သာရီမြို့နယ်၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် (၆ပေ-၃ပေ) အရွယ် မြေစိုက် ပိုစတာများ စိုက်ထူ ဖွင့်လှစ်ပွဲကို မေလ၉ရက်နေ့ နံနက် ၈ နာရီ၃၀ အချိန်မှစ၍ မြို့နယ်ပညာရေးမှူး ရုံးအရှေ့မျက်နှာစာ (အပါ အဝင်) လူစည်ကားရာ နေရာ(၃)နေရာတို့တွင် ပြုလုပ်ခဲ့ကြသည်။

၎င်းကျောင်းအပ်နှံရေးနေ့မြေစိုက်ပိုစတာစိုက်ထူပွဲသို့ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊  မြို့နယ်ပညာရေးမှူး ဦးခင်ဇော်နှင့် ပညာရေးဌာနဝန်ထမ်းများ၊  မိတ်ဘက် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ချီးမြှင့်ပေးကြပြီး မြို့နယ်ပညာရေးမှူးရုံးအရှေ့ မျက်နှာ စာနေရာတွင်လည် းကောင်း၊ ချောင်းကြီးရပ်ကွက်-ကျန်းမာရေးလမ်းရှိ အ.ထ.က-တနင်္သာရီကျောင်း အုတ်တံတိုင်းနေရာနှင့် ချောင်းငယ်ရပ်ကွက်- အမက-ချောင်းငယ်ကျောင်းအရှေ့နေရာတို့တွင် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာများကို အတူတကွ စိုက်ထူဖွင့်လှစ်ပေးကြပြီး ၂၀၂၃ခုနှစ်၊ မေလ(၂၃ရက်နေ့မှ၃၁ရက်)အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးဦးခင်ဇော်ထံက သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)