မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်​ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မင်္ဂလာတောင်ညွန့်    မေ    ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းအိမ်ရာဝင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း များပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်လာသည့်အခါ မြို့နယ်အတွင်းရှိ ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများ စီစဉ်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်သူဟိန်း