ဟင်္သာတ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ယခုအချိန်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ အခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ရိက္ခာများအသင့်စုဖွဲ့ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)