ဂွမြို့နယ်၊ သိမ်ကုန်းစေတီတော်ရင်ပြင်တွင်အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်ပူဇော်

ဂွ မေ ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့တွင် သဘာဝဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မြို့နေပြည်သူများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရေးအတွက်  ယနေ့နံနက်(၇)နာရီခွဲတွင် သိမ်ကုန်းစေတီတော် ရင်ပြင်တွင် သံဃာ‌တော်အရှင်သူမြတ်(၁၁) ပါးတို့က အန္တရာယ်ကင်း ပရိတ်တရား‌တော်‌များ ရွတ်ဖတ်ပူဇော်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် မြို့နယ်ဌာနဆိုင်ရာများက နာယူခဲ့ကြ​ကြောင်း သိရသည်။

သိမ်ကုန်းစေတီတော် ရင်ပြင်တွင် သံဃာ‌တော်အရှင်သူမြတ်(၁၁)ပါးတို့က ပြည်သူပြည်သားများ ဘေးရန်ကင်းရှင်း၍ အနာရောဂါကင်းဝေးစေရန်၊ ဘေးဒုက္ခ အန္တရာယ်အပေါင်းနှင့် ရောဂါဘယဘေးတို့မှ ကင်းဝေးစေပြီး ချမ်းသာသုခပြည့်စုံစေပြီး မင်္ဂလာကျက်သရေတိုးပွါးစေရန် ရည်ရွယ်၍ ပရိတ်ကြီး(၁၁)သုတ်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများမှ ဂွမြို့မင်းတောင်စေတီတွင်လည်း အန္တရယ်ကင်းပဋ္ဌာန်းရွတ်ဖတ်ခြင်းနှင့် ကျိန္တလီမြို့ မြို့ဦးကျောင်းစေတီရင်ပြင်တွင် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများမှလည်း အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်