ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သစ်ပင်သစ်ကိုင်းများ ကျိုးကျ လမ်းပိတ်ဆို့မှုမရှိစေရေး ဖယ်ရှားရှင်းလင်းဆောင်ရွက်

ဒဂုံမြောက် မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့ ည‌နေပိုင်းက  မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း များ ဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုရှိစေရေး တာဝန်ရှိသူများ အချိန်နှင့်တစ်‌ပြေးညီ ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့၏စီမံမှုဖြင့် (၄၁)ရပ်ကွက် ပိတောက်မြိုင်လမ်းအတွင်းရှိ အိမ်ပေါ်သို့ ပိတောက်ပင်လဲကျ ခြင်းနှင့် ဦးပြုံးချိုလမ်းမှ ပိတောက်ပင်လဲကျခြင်း၊ နာရေးကူညီမှု(ရန်ကုန်)ရုံးအတွင်း ကုက္ကိုပင် လဲကျခြင်း၊ (၃၀)ရပ်ကွက် ရွှေသီရီလမ်း၊ မအူပင်လဲကျခြင်းနှင့် ဘုရင့်နောင်လမ်း ဗန်ဒါပင်လဲကျခြင်း၊  သစ်ပင်ကျိုးကျခြင်းတို့ကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင် ဦးဆောင်သော စည်ပင်သာယာပန်းဥယျာဉ်အဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ထွန်း‌အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ  အချိန်နှင့်တစ်ပြေးညီ သွားရောက်ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နှင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှု မရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ