ဒဂုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(အထက်တန်းဆင့်) Grade-12 သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံအရှေ့ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(အထက်တန်းဆင့်) Grade-12 သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် ဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒဂုံတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံပညာအထက်တန်းအဆင့်မှ အသစ်ပြုပြင်ပြောင်းလဲသော သင်ရိုးညွှန်းတမ်းများကို အသက်အရွယ်နှင့်သင့်တော်သော ဗလငါးတန်ဘက်စုံဖွံဖြိုးစေရန်၊ မြန်မာတိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားနှင့် ယဥ်ကျေးမှုဓလေ့များကို တန်ဖိုးထားရန်၊ အထက်တန်းအဆင့်အတွက် လေ့လာသင်ယူရန် အဆင့်မြင့်ပညာဆိုင်ရာ သင်ယူမှုတို့အတွက် လက်တွေ့အသုံးချနိုင်သည့် အသိပညာ ကျွမ်းကျင်မှုနှင့် စိတ်နေသဘောထား​ကောင်းများ ရရှိစေရန် အစရှိသည့် ရည်ရွယ်ချက် ကောင်းများဖြင့် အထက်တန်းသင်ရိုးသစ်ကို အကောင်အထည်ဖော်ရာတွင် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၏ အခြေခံသဘောတရားများ၊ သင်ရိုးသစ်ကျောင်းသုံးပြဌာန်းစာအုပ်နှင့် ဆရာကိုင်းလမ်းညွှန်သစ်ဖွဲ့စည်းပုံအသုံးပြုပုံများကို နားလည်သဘောပေါက်စေရန် ရည်ရွယ်ပြီး Grade-12 သင်ရိုးသစ်တိုင်းဒေသကြီး အဆင့်ဆင့်ပွား သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ၎င်းသင်တန်းတွင် သင်တန်းမှူးဖြစ်သော သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူး ဒေါ်စုစုခင်က တိုင်းဒေသကြီးရှိ သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နှင့် ဗိုလ်တထောင်ခရိုင်မှ အထက်တန်းအဆင့် ဆရာ/ဆရာများကို ဗဟိုအဆင့်သင်တန်းနှင့်ဌာနအတွင်း ဆင့်ပွားသင်တန်း တက်ရောက်ခဲ့ကြသော ဆရာဆရာများက သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နှင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များမှ အထက်တန်းအဆင့် ဆရာ/ဆရာမ (၁၀၃၇) ဦးမှသင်တန်းတက်ရောက်ခဲ့ကြပြီး မေလ ၁၅ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ ၁၀ ရက်ကြာသင်တန်းဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ဒဂုံတက္ကသိုလ်မှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခချုပ် ဆရာ/ဆရာမများ၊ သဃ်န်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ဗိုလ်တစ်ထောင်ခရိုင်များမှ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးများ အထက်တန်းအဆင့်သင်ရိုးသစ် သင်ကြားမည့် သင်တန်းသား သင်တန်းသူ ဆရာဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဇွဲမင်းထက်(ပြန်/ဆက်)