ဓနုဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လဲကျသော သစ်ပင် သစ်ကိုင်းများအား ရှင်းလင်းဆောင်ရွက် 

ဓနုဖြူ    မေ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မေလ ၁၄ ရက်နေ့  ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင် သစ်ကိုင်းများလဲကျခြင်းဖြစ်ပေါ်သဖြင့် ရပ်ကွက်၊ကျေးရွာများအတွင်း လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာလမ်းများတွင် သစ်ပင်သစ်ကိုင်းများ ကျိုးကျနေခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းအဖွဲ့များက အချိန်နှင့်တပြေးညီသွားရောက် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)