မလှိုင် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မေလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် အုပ်ကြီးကျေးရွာအုပ်စု၊ အုပ်ကလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း အုတ်တံတိုင်း(၄)ခန်း ပြိုကျခဲ့ကြောင်းသိရသည်။
အဆိုပါကျောင်း အုတ်တံတိုင်းမှာ ၂၀၁၂ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးဖြင့် ဆောက်လုပ်ခဲ့သော အုတ်တံတိုင်းဖြစ်၍ မိုးရွာသွန်းမှုကြောင့် ပျိုကျခဲ့ခြင်းဖြစ်သည်။ အုတ်တံတိုင်း၏ အလျားမှာ(၈)ပေ ၊ အနံ(၆)ပေရှိ၍ ဆုံးရှုံးမှုစုစုပေါင်းကာလတန်ဖိုး ကျပ်(၄)သိန်းခန့်ရှိပြီး ကျေးရွာပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)