မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေး မေ ၁၆

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community  Centre ၌ ယနေ့နံနက် ၉ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းက ဒေါက်တာမတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း  သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌‌ရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းဆွေး‌‌နွေးပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ချမ်းမြေ့အေးက ဒေါက်တာမတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့ရာ အိုသော်လည်းအပယ်မခံရအောင် အလုပ်ကို ဇွဲခတ်၍ လုပ်ကိုင်ပါ၊ အလုပ်တွင်ကျယ်စေရန် လူရောစိတ်ပါကျန်းမာဖို့လိုအပ်ကြောင်း၊ အလုပ်လုပ်ရာမှာ အောင်မြင်စေဖို့ အများနှင့်ပြေလည်အောင်ဆက်ဆံပါ၊ အလုပ်ရဲ့တန်ဖိုးထဲမှာ သိက္ခာပါနေသည်ကို သတိထားကြစေလိုကြောင်း အစရှိသည့် ခေါင်းစဉ်များဖြင့် စတင် ဆွေးနွေးပါသည်။ 

ဆက်လက်၍ စာရေးဆရာမြတ်သူက အလုပ်တွင် စေတနာနှင့်ယုံကြည်ချက်ပါစေလိုကြောင်း၊ အဆိုးမြင်စိတ်မရှိသင့်‌ကြောင်း၊ ကိုယ်ချင်းစာစိတ်ထားစေလိုကြောင်း၊ အလုပ်လုပ် ရာတွင် စလယ်ဆုံး ကောင်းမြတ်ခြင်းဂုဏ်ဖြင့် ပြည့်စုံစေလိုကြောင်း စသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက စာအုပ်တွင်ပါရှိသော အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးကြ‌‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)