သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၈)လုံး အမိုးလန်ပျက်စီး

သဲကုန်း မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၂:၃၀ နာရီအချိန်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၈)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ချမ်းမြေ့သာယာရပ်ကွက်၊ သုခဝေဖြာရပ်ကွက်၊ ရပ်သာကျေးရွာအုပ်စု၊ ငှက်တော်မြီးအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ကျေးသားကျေးရွာအုပ်စု၊ ဇီးအုပ်ကျေးရွာအုပ်စုတို့တွင် နေအိမ်(၁၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး(၃,၀၀၂,၀၀၀)ကျပ်ရှိကြောင်း၊ လူတိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ လေဘေးသင့်ပြည်သူများ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်