မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှမိသားစုများအား‌ ကျေးရွာအ‌ရောက်သွားရောက်ထောက်ပံ့

မိုးညို မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မေလ ၁၄ ရက်‌နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၂၁ အုပ်စု၊ ကျေးရွာ ၄၃ ရွာတို့တွင် လေဘေးသင့်ခဲ့သောပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့က ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက လေဘေးသင့်နေအိမ် ၇၈ လုံးနှင့် ဘုန်းတော်ကြီးကျောင်း(အမိုးလန်) ၂ ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၄၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၇၈)စုရှိ လူဦးရေ(၂၉၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၁၅၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၅၀၅၅၃၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ်(၂၆)လုံးအတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ စတီးလ်ပန်းကန်ပြားတို့အား လူဦးရေအလိုက်ထောက်ပံ့ခြင်းနှင့် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ(၃)ဦးနှင့်အထက်အား နှစ်ယောက်အိပ်ခြင်ထောင်(၂)လုံးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါဝင်သည့် ပလပ်စတစ်ပုံး(၂၆)ပုံးအား ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့်အတူ လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)