ကျိုက်မရောမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျ

ကျိုက်မရော   မေ  ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ယမန်နေ့ နံနက် ၆ နာရီက လေပြင်းများတိုက်ခတ်ကာ အောင်သုခရပ်ကွက်လမ်းဆုံရှိ လုံးပတ် ၅ ပေ၊ အရှည် ၅၀ ခန့်ရှိသော သီဟိုဠ်ပင်ကြီး ကားလမ်းမပေါ်လဲကျခဲ့သဖြင့် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်သောင်းဦးနှင့်  တပ်ဖွဲ့ဝင် ၅ ဦးတို့က သစ်ပင်သစ်ကိုင်းများကျိုးကျမှုကို   ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်၊ သစ်ကိုင်းများကျိုးကျမှုတွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)