ပန်းတနော်မြို့နယ်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များနှင့် လဲကျနေသော သစ်ပင်များအား ရှင်းလင်းဆောင်ရွက်

ပန်းတနော် မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တွင် မေလ ၁၄ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ​ပြိုကျပျက်စီးသွားသော နေအိမ်များနှင့် သစ်ပင်၊ သစ်ကိုင်းများလဲကျခြင်းဖြစ်ပေါ်သဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် လမ်းပိတ်ဆို့မှု မရှိစေရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများနှင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျနေခြင်းများကို မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက အချိန်နှင့် တစ်ပြေးညီသွားရောက်ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)