သာယာဝတီမြို့တွင် လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

သာယာဝတီ မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မေလ ၁၄ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ကဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့်တာဝန်ရှိသူများက ဘေးသင့်အိမ်ထောင်စုများဖြစ်သည့် ဖိုးခေါင်ကျေးရွာ၊ အိုင်ဂဒုံကျေးရွာနှင့် အိပ်လဟာကျေးရွာတို့မှ အိမ်ထောင်စု(၁၉)စု၊ ရေတွင်းကုန်းကျေးရွာ၊ တောင်ပန်းဆွဲကျေးရွာနှင့် အရှေ့သပြေကုန်းရပ်ကွက်တို့မှ အိမ်ထောင်စု(၂၅)စု၊ သင်တောရိုးကျေးရွာမှ အိမ်ထောင်စု(၈)စု စုစုပေါင်းအိမ်ထောင်စု(၅၂)စုတို့အား ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ အမိုးလန်/ပြိုလဲ အိမ်ထောင်စု(၅၂)အား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာထောက်ပံ့ငွေ (၂၁၉၃၇၈၀/-)ကျပ်၊ ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၅၂)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)