မက်မန်း မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း၌ လိုင်းချီးသီးများ စတင်ခူးဆွတ်ရောင်းချချိန် ဈေးကောင်းရရှိ၍ လိုင်းချီးသီး စိုက်ပျိုးရောင်းချသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ်အတွင်း၊ ကျေးရွာများရှိဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြ၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ဒေသနှင့်ကိုက်ညီသော သီးပင်၊ စားပင်များအား မိမိတို့နေအိမ်ခြံဝင်း များအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးဧက အများအပြား စိုက်ပျိုးကြသူများ လည်းရှိသည်။
ထိုသို့စိုက်ပျိုးရာတွင် မက်မန်းမြို့နယ်၊ ကွန်းဟောင်းကျေးရွာတွင် လိုင်ချီးသီးများအား မေလဆန်းပိုင်းမှ စတင်ခူးဆွတ်ရောင်းချကြရပြီး လိုင်ချီးသီးစိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဉ်အပိုဝင်ငွေ (၁၀) သိန်းကျော်အထိ ရရှိ၍ ကျန်းမာရေး၊ ပညာရေး ၊ စားဝတ်နေရေးတို့အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)