အမရပူရမြို့၌ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

အမရပူရ မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်အ​ခြေခံပညာအလယ်တန်းကျောင်း၊ ရွှေကြက်ဖကျောင်းဆောင်၌ ယနေ့နံနက် ၉ နာရီအချိန်ကဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာ သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မိရိုးဖလာဗုဒ္ဓဘာသာမှ ကိုယ်တိုင်သိ၍ ကိုးကွယ်သော ဗုဒ္ဓဘာသာများဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အမရပူရမြို့နယ် မိသားစုစည်ရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ရွှေရည်အောင်က ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းတက်ရောက်သည့်ကျောင်းသား​၊ ကျောင်းသူ ၇၈ ဦးအတွက် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်းကို မှန်တန်းအခြေခံပညာအလယ်တန်း ကျောင်း၊ ကျောင်းအုပ် ဆရာမကြီးဒေါ်ဝင်းပပမိုးနှင့်ဆရာ၊ဆရာမများက လေးရက်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးသီဟ(အမရ)