မိုင်းယောင်း မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့တွင် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်းက မူးယစ်ဆေးဝါးဆိုသည်မှာ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် စွဲစေတတ်သော မူးယစ်ဆေးဝါးများသည် နိုင်ငံအလိုက်အမြောက်အမြားရှိကြောင်း၊ အကြမ်းအားဖြင့် အပြင်စား(Hard Drug)နှင့် အပျော့စား(Soft Drug)ဟူ၍ နှစ်မျိုးခွဲခြားနိုင်ကြောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က “လုံခြုံစိတ်ချ-သတင်းပေးကြ” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန်အကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖောင်းက “ပူးပေါင်းပါဝင်ဖို့လို” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျွန်မတို့နိုင်ငံရဲ့ ယခုပစ္စုပ္ပန်အတွက်ပင်မဟုတ်ဘဲ အနာဂတ်ထိရောက်သွားနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ကျွန်မတို့တစ်နိုင်ငံလုံးမှာ ပြဿနာကြီးဖြစ်နေကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း ဆွေးနွေးခဲ့ကြသည်။
ဦးထွန်းမြင့်လှိုင်