သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ရုပ်ပုံပြ/ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆောင်ရွက်

သရက်ချောင်း  မေ   ၁၇

နွေရာသီကျောင်းပိတ်ရက်၌ ကလေး/သူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချစေရန်၊ စာအုပ်/ စာပေများချစ်မြတ်နိုးစေရန်နှင့် ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယမန်နေ့က ကလေး/သူငယ်များနှင့် ရုပ်ပုံပြ/ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများဆောင်ရွက်ခဲ့သည်။

ရုပ်ပုံပြ/ပုံပြောပြိုင်ပွဲဆောင်ရွက်ရာတွင် ကလေး/သူငယ်များကိုယ်စား ကလေးတစ်ဦးက "ကျေးညီနောင်" ပုံပြင်ကို ပြောကြားရာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက အဆိုပါပုံပြင်ရဲ့ အတုယူဖွယ်၊ လေးစားဖွယ်ရာများကို ကလေး/သူငယ်များအား အကျယ်တဝင့်ရှင်းလင်းခဲ့ပြီးနောက် ကလေး/သူငယ်များ စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများလည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)