မင်္ဂလာဒုံမြို့နယ်ရှိ ပုလဲပြည်သူ့ဆေးရုံတွင် ပိတ်ရက်မရှိ ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ထိုးနှံပေး

မင်္ဂလာဒုံ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ၊ ပုလဲမြို့ ၂၅ကုတင် ပြည်သူ့ဆေးရုံတွင် နေ့စဉ် မွန်းလွဲ ၂နာရီ မှစ၍ ခွေးရူးရောဂါကာကွယ်ဆေးကို ပိတ်ရက်မရှိ(အခမဲ့) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခွေးရူးရောဂါသည် အသေအပျောက်များသော ရောဂါတစ်ခုဖြစ်‌ပါသည်။ ခွေးကိုက်ခံရပါက ‌အကိုက်ခံရသည့် နေရာအား ရေသန့် အရက်ပြန်ဖြင့် ဆေးကြောကာ  ကာကွယ်ဆေးအချိန်မီ ထိုးနှံရန် လိုအပ်ကြောင်း  ခွေးရူးကိုက်ခံရပါက ခွေးရူးကာကွယ်ဆေးအပြင် immunoglobulin ကိုပါ ထိုးနှံပေးရမှာဖြစ်ကြောင်း  ခွေးရူးကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရန် လိုအပ်သောကြောင့် နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်၍ ထိုးနှံပေးနေရခြင်းဖြစ်ကြောင်းဆေးရုံမှာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဝုန်လွန်းညောင် (ပြန်/ ဆက်)