မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး (စစ်ရေး) အောင်နိုင်ထူးမှ ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက်ပေးအပ်

မော်လမြိုင်ကျွန်း မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို လှိုင်းဘုန်း‌ကျေးရွာ၊ ချမ်းမြေ့ရတနာ ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အနောင်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး (စစ်ရေး) အောင်နိုင်ထူးက လေဘေးသင့် ပြည်သူများကို အားပေးစကားပြောကြားခဲ့ပြီးနောက် ကျေးရွာအုပ်စု (၁၄) အုပ်စုမှ စုစုပေါင်း ပြိုကျပျက်စီးသောနေအိမ် (၁၉)လုံး၊ တစ်စိတ်တစ်ပိုင်း (အမိုးလန်) နေအိမ် (၄)လုံးနှင့် အိမ်ထောင်စု (၂၃) စုမှ လေဘေးသင့်လူဦးရေ (၉၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါပုံး (၈)ပုံးတန်ဖိုးငွေကျပ် (၃၆၈၂၈၈)၊ (၁၉) မျိုးပါ (၁၁) ပုံးတန်ဖိုးငွေကျပ်(၅၃၉၃၉၆)၊ ဆန်ရိက္ခာ (၇)ရက်စာကျပ် (၂၀၅၈၀၀)နှင့် အိမ်ဆောင်ပစ္စည်းတန်ဖိုးကျပ် (၂၀၀၀၀၀၀) စုစုပေါင်း လေဘေးထောက်ပံ့ ရန်ပုံငွေ(၂၂၀၅၈၀၀) တိတိကို အနောက်တောင် တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး (စစ်ရေး)အောင်နိုင်ထူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအား လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)