သရက်မြို့၌ လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့

သရက် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မေလ(၁၄)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့်  တစ်စိတ်တစ်ပိုင်း ပျက်စီး အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ခြင်းကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာထွန်းတို့က လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၅၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)