ပေါင် မေ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ဝန်ထမ်းများလုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန် မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးသားသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ကို စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ရုံးလုပ်ငန်းလက်စွဲ အခန်း(၁၈၊ ၁၉)မှ GOS အသုံးပြုခြင်း၊GPMS-EDMS အသုံးပြုခြင်းကိုလည်းကောင်း၊ဒေါ်အိအိခင် ရုပ်သံ-၃ ကရုံးလုပ်ငန်းလက်စွဲ အခန်း(၂၀)မှ အထွေထွေ စသည့်အခန်းကဏ္ဍများကို ဝန်ထမ်းများနှင့်အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။
ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင် အရည်အချင်းပြည့်ဝစေရန် ဝန်ထမ်း စာဖတ်ဝိုင်းများကို လစဥ်(၂)ကြိမ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)