မိုင်းရယ် မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ၌ ဆေမှူးဗိုလ်ကြီး ၂ ဦး၊ သူနာပြုဗိုလ်ကြီး ၁ ဦး၊ ဆေးလက်ထောက်အရာခံ ဗိုလ် ၁ ဦး၊ ဒုတပ်ကြပ် သူနာပြု ၁ ဦးနှင့် သားဖွားတပ်ကြပ်ကြီး ၁ ဦးတို့က ရဟန်းရှင်လူ ပြည်သူတစ်ရာကျော်အား အထွေထွေရောဂါများ စစ်ဆေးခြင်း၊ ကုသပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် နာတာရှည်ရောဂါ ခံစားနေရသူများအတွက် လိုအပ်သည့် ဆေးဝါးများကို ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာစွာ နေထိုင်စားသောက်မှုပုံစံများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများကို အမှတ်(၂) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာလင်း၊ အမှတ်(၃၅၀) အမြောက်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)