သတင်းများ

သံတောင်ကြီးမြို့နယ်Community Centre ခန်းမတွင် ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲပြုလုပ်
May 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  Community Centre ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသူ/ ကျောင်းသား ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ချီဖွေမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ
May 18,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့နံနက် (၇) နာရီတွင် ချီဖွေမြို့နယ်ရှိ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြသည်။
တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
May 18,2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် တောင်သာမြို့ အမှတ်(၅)ရပ်ကွက် ဘူတာလမ်းဘေး၌ ယနေ့နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာများရှိ မိုးစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက်စေရေး ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီက တော်ကမယ်ကျေးရွာအုပ်စုရှိ တောင်သူ များနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်
May 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB(1.16) (Arcturus) ရောဂါကာကွယ်ရေး Mask Campaign ကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
တွံတေးမြို့နယ်၌ ကျန်းမာရေးဆိုင်ရာသိကောင်းစရာအသိပညာပေး (Talk Show) ကျင်းပ
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကျန်းမာရေးဆိုင်ရာထဲက ကင်ဆာရောဂါကာကွယ်ရေးအတွက် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်း
May 18,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက ပထမအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး (၆)ထပ် ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊အလှူရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်
May 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိပြုလုပ်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ ဉပဓိရုပ်ကောင်းမွန် လှပစေရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် အမှတ်(၇)၊ အမှတ်(၁၀)နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၆ နာခွဲက ပြုလုပ်သည်။