သံတောင်ကြီး မေ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသူ/ကျောင်းသား ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် မိမိတို့၏တိုင်းရင်းသားဘာသာစကားကိုတန်ဖိုး ထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် အတွက်ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၉)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၀)ဦး၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၃) ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ