ချီဖွေမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

ချီဖွေ မေ ၁၈

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့နံနက် (၇) နာရီတွင် ချီဖွေမြို့နယ်ရှိ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေး ဦးဆောင်၍ ဝန်ထမ်းများက မြို့မဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကမ္ဘာ့ကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှုကိုလျှော့ချရန် နည်းလမ်းများ၊ မြန်မာနိုင်အတွင်း ရာသီဥတု ပြောင်းလဲမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံ့မှုဖြစ်စဉ်များ၊ ပလတ်စတစ် ညစ်ညမ်းမှု ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ် သုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များ စသည့် အချက်အလက်များပါဝင်ကြောင်း သိရှိရသည်။

 ယော်ကိ(ပြန်/ဆက်)