မိုင်းခတ် မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB(1.16) (Arcturus) ရောဂါကာကွယ်ရေး Mask Campaign ကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူးဦးအောင်မြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မိုင်းခတ်မြို့၊ မြို့မစျေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်း များနှင့် လူစည်ကားရာနေရာများတို့တွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)