တောင်သာ မေ ၁၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် တောင်သာမြို့ အမှတ်(၅)ရပ်ကွက် ဘူတာလမ်းဘေး၌ ယနေ့နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ထူး၊ တောင်သာမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးစိုးမိုးထွန်း၊ တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းတို့မှ ကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အမှတ်(၅) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရောင်းချရာတွင် စားအုန်းဆီ(၁)ပိဿာလျှင် (၄၈၀၀) ကျပ်နှုန်းဖြင့်ရောင်းချခြင်း ဖြစ်ကြောင်းနှင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် နောက်ရက်များတွင်လည်း ကျန်ရှိနေသေးသည့် ရပ်ကွက်များသို့ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းမှ ပြောကြားချက်အရ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)