တွံတေး မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကျန်းမာရေးဆိုင်ရာထဲက ကင်ဆာရောဂါကာကွယ်ရေးအတွက် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်း က ကျန်းမာရေးဆိုင်ရာသိကောင်းစရာအသိပညာပေး ဆွေးနွေးပွဲ (Talk Show) များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကင်ဆာဖြစ်စေမည့် အရာများကို ကာကွယ်ပေးနိုင်သည့် အစားအစာ (၈) မျိုးမှ ကင်ဆာဖြစ်စေမည့် အရာများကို ကာကွယ်ပေးနိုင်ကြောင်း မျှဝေပေးတာ ဖြစ်ကြောင်း၊ ကြက်သွန်ဖြူက အစာအိမ်ကင်ဆာပျောက်ကင်းသလို၊ ပင်လယ်ရေမှော်က ရင်သားကင်ဆာ၊ မှိုကအသည်းကင်ဆာ၊ ပန်းဂေါ်ဖီစိမ်းက ပန်ကရိယကင်ဆာများကို သက်သာကာကွယ်ပေးနိုင်ကြောင်းဆွေးနွေးပြီး ရုပ်သံကျွမ်းကျင်- ၃ ဦးဇော်မိုးလွင်က ရေမျှစ် (ခေါ်) ရေပြောင်းဖူးက အူကင်ဆာကိုလည်းကောင်း၊ ကညွတ်ဖူးကအရေးပြားကင်ဆာ၊ ပဲပိစပ်က သားအိမ်ကင်ဆာ၊ ဟင်းနုနွယ်ရွက်က အဆုတ်ကင်ဆာတို့ကို ကာကွယ်နိုင်ကြောင်း မိဘ ပြည်သူများ အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း ရောဂါကို သက်သာကာကွယ်နိုင် သော ဆေးနည်းများကိုမျှဝေပေးခြင်းဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့် အသိပညာပေး ဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဥ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား