မိုးနဲ မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆီထွက်သီးနှံ မိုးမြေပဲများကို လွိုင်ချိုကျေးရွာအုပ်စု၊ လွိုင်ယူးကာကျေးရွာရှိ တောင်သူ လုံးပုည၏ ယာမြေနေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ဆီထွက်သီးနှံ မိုးမြေပဲမျိုးအဖြစ် (ဆင်းပဒေသာ-၁၁ နှင့် မကွေး-၁၆) မျိုးတို့ကို မျိုးသန့်ပွား စိုက်ခင်းအဖြစ် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး တောင်သူလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)