ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒဂုံတောင် မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၁၃:၀၀)နာရီက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဌာနဆိုင်ရာများအနေဖြင့် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်၊ ပြည်သူကိုဗဟိုပြု၍ ပြည်သူများအခက်အခဲများအား တွေ့ဆုံမေးမြန်၍ တာဝန်ရှိသူများအား ပြန်လည်တင်ပြစေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများက သိရှိလိုသည်များအား မေးမြန်ဆွေးနွေးခဲ့ပြီး အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ ဆက်)