ဖျာပုံ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ဖျာပုံပေါ်ဆန်းမွှေးစပါးကို အဓိကစိုက်ပျိုးလျက်ရှိသော ဒေသဖြစ်ရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေပြီး တောင်သူများအား ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၈ နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦးစိုးမင်းဝင်းက မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေဆပ်ကြရန်နှင့် ကြွေးကျန်တောင်သူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပေးသွင်းရန် ကျန်ရှိနေသော စိုက်ပျိုးစရိတ်ချေးငွေများအား ပြေကြေပေးဆပ်ကြရန် တောင်သူများအား ဆွေးနွေးပြောကြားပြီး၊ ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား အချိန်စေ့ကြွေးကျန်အားလုံးပြေကြေပြီးသူ ဖျာပုံမြို့နယ် ဘန့်ဘွေးစု ကျေးရွာမှ တောင်သူ(၁၄)ဦးအား ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် (၁၅၀၀၀၀ိ/) ကျပ်ဖြင့် အများဆုံးတစ်ဦးလျှင် (၁၀)ဧကအထိ ထုတ်ချေးပေးမှာ ဖြစ်ပြီး၊ ဘန့်ဘွေးစုကျေးရွာမှ တောင်သူ(၁၄)ဦး၊ လယ်မြေ(၁၂၃)ဧက ငွေ(၁၄၈.၅၀)သိန်းအား စတင်ထုတ်ချေးပေးပြီးဖျာပုံမြို့နယ် အနေဖြင့် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တောင်သူ (၂၃၀၀)ဦး၊ စိုက်ပျိုးဧက(၂၀၀၀၀)အား ငွေကျပ်သိန်း (၃၀၀၀၀.၀၀)သိန်းအားထု တ်ချေးပေးနိုင်ရေး စီစဥ်လျာထားရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ဖျာပုံခရိုင်ဘဏ်ခွဲ)ရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)