အလုံ မေလ ၁၉
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်များကို သတ်မှတ်ရက်များအလိုက် ကုသဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက သွေးတိုးနှင့် ဆီးချို လူနာများအား ကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကုသရာတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်သည့် " သွေးတိုးနှင့်ဆီးချို ရောဂါစစ်ဆေး ကုသမှုဆေးခန်း" အား ဖွင့်လှစ်၍ သွေးတိုးနှင့်ဆီးချိုရောဂါလူနာ (၆၇) ဉီးအား ကုသမှုပေးခဲ့ပြီး မေလ၁၇ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သွေးတိုးရောဂါနေ့အတွက် လက်ကမ်းစာစောင်များကိုလည်း အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ ဆက်)