မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် သစ်ပင်၊ သစ်ကိုင်း များအားရှင်းလင်းဆောင် ရွက်

မြောက်ဦး  မေ ၁၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ လမ်းပိတ်ဆို့မှုများမဖြစ်စေရေးအတွက်  ယနေ့နံနက် ၈ နာရီအချိန်က ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၊လူသွားလူလာများသောနေရာများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ သျှစ်သောင်းဘုရားအနီးမှ အလယ်ဈေးတံတားအထိ သစ်ပင်၊ သစ်ကိုင်းများ လမ်းပိတ်ဆို့မှု မရှိစေရေးအတွက် အမြန်ဆုံးပြန်လည်ထူ ထောင် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သစ်ပင်၊သစ်ကိုင်းများ ကျိုးကျမှုကြောင့် လမ်းပိတ်ဆို့မှုမဖြစ်စေရေးရှင်းလင်းဆောင်ရွက်ခြင်းကို နယ်မြေခံတပ်မမှူး ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သစ်ပင်၊သစ်ကိုင်းများလမ်းပိတ်ဆို့မှုဖြစ်ပေါ် ခြင်း၊ လူနေအိမ်များပျက်စီးခြင်း၊ စာသင်ကျောင်းများပျက်စီးခြင်း၊  တာဝါတိုင်များပျက်စီးခြင်း၊ ရခိုင့်ရှေးဟောင်း သမိုင်းဝင်နန်းတော်ရာကုန်း လမ်းဘေးဝဲယာရှိ သစ်ပင်၊ သစ်ကိုင်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ လမ်းဘေးဝဲယာရှိ ကျိုးကျနေသော သစ်ပင်၊သစ်ကိုင်းများအားခုတ်ထွင် ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်းများ၊ ဆေးရုံဆေးခန်း များ၊ လူနေအိမ်များ ၊ ရုံးအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုတို့ကို အမြန်ဆုံးပြန်လည်ထူထောင် ရေးလုပ်ငန်းများ  လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)