မြစ်သားမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မယ်ဇယ်ပင်ကြီး လူနေအိမ်များပေါ်သို့ လဲကျမှုဖြစ်ပွားသဖြင့် ခုတ်ထွင်းရှင်းလင်းဆောင်ရွက်

မြစ်သား မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သီလင်ကျေးရွာတွင် မေလ (၁၇)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် မယ်ဇယ်ပင်ကြီး လူနေအိမ်များပေါ်သို့ လဲကျမှုဖြစ်ပွားသဖြင့် ယနေ့နံနက်(၈)နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ခုတ်ထွင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါ မယ်ဇယ်ပင်ကြီးသည် သီလင်ကျေးရွာနေ ဒေါ်ဝင်းခ၏ နေအိမ် အလျား (၁၇)ပေ၊ အနံ (၁၂)ပေရှိ   အုတ်နံရံကပ်၊ သွပ်မိုးအိမ်နှင့် ဒေါ်ချောစု၏ ဆောက်လက်စ အလျား (၂၇)ပေ၊ အနံ (၁၂)ပေရှိ ထရံကာ၊ သွပ်မိုးအိမ်ပေါ်သို့ လဲကျနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လဲကျနေသော မယ်ဇယ်ပင်ကြီး၏ အကိုင်း၊ အခက်များအား ကူညီခုတ်ထွင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)